29 C
Yangon

စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး

Must read

စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း Phoneix SSG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၊ ပျူစောထီးများ ပြန်လည်ခုခံခြင်းမရှိပဲ ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်သော ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခုအားရှင်းလင်းခဲ့ကြောင်း သိရသည်။

“လက်နက်တော့မရလိုက်ဘူး၊ သူတို့က ထွက်ပြေးတာ၊ ပစ်ခတ်မှုမဖြစ်လိုက်ဘူး၊ အဲဒါနဲ့ စခန်းကို မီးရှို့ပေးခဲ့တယ်။ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ ယူနီဖောင်း ၂ စုံ၊ ဦးထုပ် ၃ လုံး သိမ်းဆည်းရရှိခဲ့တယ်ဗျ၊ စစ်ကိုင်းမြို့နယ်မှာတော့ ပထမ ဆုံးပျူရွာကို သိမ်းနိုင်တာပေါ့” ဟု Phoenix SGG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရှင်းလင်းမှုကို Phoneix SGG ၊ စစ်ကိုင်းမြို့နယ် ပကဖ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerilla Force ၊ Fight For Federal ၊ Young Wolf နှင့် နယ်မြေဒေသ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article