32 C
Yangon

ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်၊ ပဲနွယ်ကုန်းမြို့ဘက်ရှိ ရွာများကို စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်

Must read

ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်၊ ပဲနွယ်ကုန်းမြို့ဘက်ရှိ ရွာများကို စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျောင်းစိုးကျေးရွာအုပ်စုရှိ ရွာများကို ပစ်ခတ်ခဲ့သောကြောင့် သဲကော ဘုန်းကြီးကျောင်းထဲ လက်နက်ကြီး ကျည်ကျရောက်ကာ ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲပိုင်းတွင် ပဲနွယ်ကုန်းမြို့ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

” လေယာဉ်မလာခင် မနက်ပိုင်းမှာကျ သဲကောဘုန်းကြီးကျောင်းထဲကျတာ။ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူသွားတယ်။ လက်နက်ကြီးကျတာ။ပဲနွယ်ကုန်းအရှေ့ဘက်က ရွာတွေကို ရဟတ်ယာဉ်ရော ဂျက်လေယာဉ်တွေရောနဲ့ ပစ်နေတယ် ။ နှစ်ခါရှိပြီ ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ပဲနွယ်ကုန်းအရှေ့ဘက်ရှိ ကျေးရွာများကို မွန်းလွဲ ၁၂ နာရီဝန်းကျင်နှင့် ညနေ ၃ နာရီကျော်တွင် လေကြောင်းဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လေကြောင်း ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများရှိပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို မသိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်နေခြင်း ဖြစ်ကာ ကျောင်းစိုးရွာတွင် လက်နက်ကြီး ကျရောက်၍ နေအိမ်များ ပျက်စီးမှုများ ရှိကြောင်း၊ တော်လှန်ရေး အဖွဲ့များနှင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့သော်လည်း မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင်း တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ လေကြောင်းမှ တစ်ဆင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“မြေပြင်တိုက်ပွဲက မနက်ကတော့ ဖြစ်တယ်။ ခုတော့ မဖြစ်တော့ဘူး ။ ပလိမ်းကြီး လာချနေတာ လေယာဉ်နဲ့။ လက်နက်ကြီးနဲ့လည်း တစ်နေကုန်ထုနေတာဗျ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article