အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ပါးစပ်ကသာ ငြိမ်းချမ်းရေးကို ခဏခဏပြောပြီး၊မငြိမ်းချမ်းအောင်ပြည်သူကို ဒုက္ခပေးနေတဲ့ အာဏာရှင်စစ်ဘီလူးကို အမြစ်ပြတ်တွန်းလှန်မှသာ ငြိမ်းချမ်းခြင်း အစစ်ကို ရပါမည်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။