25 C
Yangon

ကျောက်တံခါး၊ ပျင်းမပင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရပြီး စိုးရိမ်ရ

Must read

ကျောက်တံခါး၊ ပျင်းမပင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရပြီး စိုးရိမ်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပျင်းမပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိ စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပျင်းမပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး ကလေးငယ် ၂ ဦးအပါဝင်အဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ညနေ ၅ နာရီ ကျော်လောက်က စစ်ခွေးတွေပစ်တဲ့ လက်နက်ကြီး ပျင်းမပင်ရွာထဲက နေအိမ် ၂ လုံးပေါ် တည့်တည့်ကြတာ တစ်အိမ်က သားအမိ ၂ ဦးက အမေဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကလေးကတော့ ထိခိုက်ဒဏ်ရာရတယ် စိုးရိမ်ရတယ်။ နောက်တစ်အိမ်က ဦးလေး ၁ ဦး ပြင်းထန်ဒဏ်ရာရတယ်။ ကလေး ၁ ဦးလည်း ပြင်းထန်ဒဏ်ရာပဲ အခြေအနေတွေက စိုးရိမ်ရတယ်” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article