29 C
Yangon

မြိုင်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်​ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

မြိုင်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်​ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်​ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံး မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာဘက်ကို လာသည့် စက်မှု ၂ နှင့် ဝက်ပုတ်ပျူစောထီးရွာမှ စစ်သားနှင့် ပျူစောထီးများလိုက်ပါလာသော အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းကို သရက်ကန်ပျူစောထီးရွာ အတွင်း 800 g အီနာဂါ ဗုံးသီး ၈ လုံး 400 g အီနာဂါဗုံးသီး ၁၃ လုံး ကျဲချ တိုက်ခိုက်ရာ သရက်ကန်မှ ပျူစောထီး တင်ထူး၏ မိန်းမ သေဆုံးခဲ့ပြီး စျာပနလုပ်နေသည့် နေအိမ်ကိုလည်း 800 g အီနာဂါဗုံးသီး ၈ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် မြိုင်မြို့နယ် ကိုင်းတေားမ ရဲစခန်းမှ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာ အရောက်တွင် အီနာဂါဗုံးသီး ၁၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပခုက္ကူမြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်၌ ပခုက္ကူမြို့နယ်၊ ဘုန်းကံပျူစောထီးရွာအနီးတွင် နှမ်းတင်လားသော ပျူစောထီးများ နင်းမိုင်းမိပြီး ၃ ဦး ထိခိုက် သေဆုံးနိုင်ကြောင်း၊ ယင်းနေ့တွင် ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစောထီးရွာကို ထပ်မံ ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ မှ စစ်ကြောင်းကို ညောင်ဂျစ်ပင် ပျူစောထီးရွာ အရောက်တွင် အီနာဂါ ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြိုင်မြို့နယ် တွင်းမပျူစောထီးရွာကို အီနာဂါ ဗုံးသီး ၅ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ နှင့်အတူ Black Cobra. Pku Thurian. DMG (ဓားမင်းကြီး) . ပခုက္ကူခရိုင် တပ်ရင်း ၁၀ နှင့် တပ်ရင်း ၁၇ တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article