29 C
Yangon

နမ္မတူမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး ကျောက်မဲ၊ ကွတ်ခိုင်၊ လားရှိုးရှိ ကျေးရွာများကို စစ်တပ်က ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

နမ္မတူမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး ကျောက်မဲ၊ ကွတ်ခိုင်၊ လားရှိုးရှိ ကျေးရွာများကို စစ်တပ်က ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

■ မန်တုံမြို့ရှိ စစ်တပ် စခန်းမှ လက်နက် ခဲယမ်းများ ထပ်မံ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ကျောက်မဲမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က နမ္မတူမြို့၊ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၈ ကြိမ်၊ Mi35 ဖြင့် ၄ ကြိမ်၊ Y12 ဖြင့် ၈ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၇၈ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့တပ်စခန်း မှ မန်ခေါက်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မန်ခေါက်ကျေးရွာသား ကိုအိုက်လေ့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ကိုအောင်မိုးမှာ ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲဒေသတွင် စစ်ကောင်တပ်နှင့် MNDAA တို့တိုက်ပွဲဖြစ်ပွားရာ အကြမ်း ဖက်စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၈ ကြိမ်၊ Mi35 ဖြင့် ၅ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်မှ ကြူရှောကျေးရွာအနီးတဝိုက်တွင် လက်နက်ကြီးဖြင့် ၁၁ ကြိမ် ၊ မိုင်းငေါ့တပ်စခန်းမှ မာန်ပုံကျေးရွာအနီးတဝိုက်သို လက်နက်ကြီးဖြင့် ၅ ကြိမ် ၊ လားရှိုးမြို့ နယ် စစ်ကောင်စီ ၆၈ ဂိတ်တပ်မှ ဖန်တောင်ကျေးရွာ၊ ပန်ကျုံကျေးရွာအနီးတဝိုက်သို့ လက်နက် ကြီးဖြင့် ၁၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၇ရက်နေ့တွင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပိုယာဥ်ဖြင့် နမ့်ခမ်း၊ မန်တပ်စခန်း တွင် ၁ ကြိမ်၊ မူဆယ်မြို့တွင် ၁ ကြိမ်၊ နမ္မတူတပ်စခန်းတွင် ၁ ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲ ယမ်းများ ထပ်မံပိုဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၀ တပ်စခန်းမှ ဖမ်းဆီး ရရှိ သော စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်အရ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆက်လက် ရှာဖွေစဥ် တတိယအကြိမ် လက်နက်ခဲယမ်း များ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article