29 C
Yangon

မြင်းခြံ၊ ရေစကြိုနှင့် မြောင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများ၊ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

မြင်းခြံ၊ ရေစကြိုနှင့် မြောင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများ၊ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ၊ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့ ကြောင်း ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ဒုတပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုတ်မြို့အဝင်ရှိ အကြမ်းဖက်စစ် ကောင်စီ စစ်ဆေးရေးဂိတ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနေထိုင်သည့် နေအိမ် တစ်လုံး ကို ၇၀ မမ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြင်းခြံမြို့ နယ်၊ ဧရာဝတီမြစ်ကို ကာကင်းယူထားသည့် ညောင်တိုပျူရွာကို ၇၀ မမ ဗုံးသီး ၂၄ လုံးကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့က မကွေးတိုင်း၊ ရေစကြိမြို့ပေါ်ရှိ ရဲစခန်းကို ဗုံးသီး ၄ လုံး၊ စစ်ကို င်း တိုင်း၊ မြောင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲထားရာ ကျောက်ရစ်စခန်းကို ဗုံးသီး အလုံး ၂၀ နှင့် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်ရစ်စခန်းမှ ရွှေတ ချောင်းကျေးရွာသို့ ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ပျူအင်အား ၅၀ ခန့်ကို ဗုံးသီး ၆ လုံးကျဲ ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ၄ ရက်အတွင်း ၇၀ မမ ဗုံးသီး ၅၈ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သား ၁၉ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ၊ အမှတ် ၁၈၄၄ ကျောက် ဆည်ခရိုင် ဒရုန်းတပ်ရင်း နှင့် Lightning Drone Force (မိတ္ထလာ)တိုပူး ပေါင်းပြီး Drone စစ်ဆင် ရေးတစ်ခု အဖြစ် တိုင်း ၃ တိုင်းအစပ်တွင် အထိုင်ချထားသည် နယ်မြေခံတပ်ရင်းများဖြစ်သော မြောင်မြို့နယ်ပြည်သူ့လုံခြုံ ရေးနှင့် ကာကွယ်ရေးအဖွဲ(CDSOM) ၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မုံရွာခရိုင် တပ်ရင်း ၁၅ ၊ မြောင်မြိုနယ် ပလဖ ၊ ချောင်းဦးမြိုနယ် ပလဖ ၊ အလယ်ပိုင်းဒေသ လွတ်မြောက်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒရုန်းစစ်ဆင်ရေးအတွက် တည်နေရာ နယ်မြေ အသေးစိပ်ကို မန္တလေးခရိုင်တပ်ရင်း ၃ ခွဲ ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ခွဲ ၁ ၊ 8 Star မြင်းခြံမြို ပျောက် ကြား တပ်ဖွဲ့တို့က ထောက်လှမ်းစုံစမ်းပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article