28.9 C
Yangon

တီးတိန်မြို့၊ ခလရ ၂၆၉ မှ ဒုတပ်ကြပ် လက်နက်နှင့်အတူ ပုလဲ ပအဖ ထံအလင်း၀င်မှု ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်

Must read

တီးတိန်မြို့၊ ခလရ ၂၆၉ မှ ဒုတပ်ကြပ် လက်နက်နှင့်အတူ ပုလဲ ပအဖ ထံအလင်း၀င်မှု ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ၊ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ပြီး ကျပ်သိန်း ၁၀၀ ဆုငွေချီးမြှင့်ပေးခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်‌နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်မှ ဒုတပ်ကြပ် ဝေလင်း သည် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဆက်သွယ်ပြီး MA 3 သေနတ် ၁ လက်၊ ကျည် ဘောက် ၅ ခု ၊ ကျည် အတောင့် ၁၅၀ ၊ ၄၀ မမ ဗုံးသီး ၁၀ လုံးနှင့် လက်ပစ်ဗုံး ၁ လုံး နှင့်အတူ အ လင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆုငွေကျပ် သိန်း ၁၀၀ ချီး မြှင့်ပေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဆီမှာ သူ့အရင်ထွက်လာတဲ့ CDM စစ်သားရှိတယ်၊ တပ်ရင်း တစ်ရင်းထဲအတူတူနေတဲ့ သူပေါ့၊ သူလဲလက်နက်နဲ့ ထွက်လာတာပဲ၊ သူက ကျနော်တို့ဆီမှာဆိုတော့ သူကနေ ဆက်စပ်ပြီး ပြန်ထပ်ချိတ်တာပေါ့၊ သူထွက်လာမယ့်နေရာ အထိကျနော်တို့က သွားခေါ်ခဲ့တာ၊ သူ့တပ်ရင်းအနီး ဘယ်နေရာအထိလာခဲ့ဆိုပြီးတော့ သွားခေါ်ခဲ့တာ၊ အရင်တစ်ယောက် CDM လုပ်လာတာက လွန်ခဲ့ တဲ့ ၆ လလောက်ကလုပ်ခဲ့တာ၊ သူကတော့ ဟိုဘက်က အဖွဲ့တွေဆီမှာ CDM လုပ်ခဲ့တာ၊ အဲဒီဘက် မှာက တိုက်ခိုက်ရေးလည်းကောင်းကောင်းမလုပ်ရတော့ ကျနော်တို့ဘက်ကို လာပူးပေါင်းတာ” ပုလဲ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံ သို့ ပြောဆိုသည်။

ထိုသို့ သွားရောက်ခေါ်ဆောင်ရာတွင် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို ချိတ်ဆက်သတင်းပို့ ကာသွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်သား CDM များအနေဖြင့် တိုက်ခိုက်ရေး (သို့မဟုတ်) ထောက်ပို့နေရာ တစ်ခုခုရရှိမည်ဆိုပါက တပ်ရင်းအတွင်းရှိ အခြားတပ်ဖွဲ့ဝင်များကိုပါ ခေါ်ထုတ်မည် ဟု သဘောတူညှိနှိုင်းချက်အရ CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

“တချို့ရဲဘော်တွေက တော်လှန်ရေးအင်အားစုတွေထဲမှာ တိုက်ခိုက်ရေးထဲလည်း မပါရ၊ ဘယ်နေရာ မှလည်း မပါရတော့ လမ်းစပျောက်သလိုဖြစ်နေတာ၊ သူတို့က အဲဒါစိုးရိမ်တာ၊ တပ်ထဲမှာက မိသားစု တွေထံလည်း ပြန်လို့မရကြတော့ဘူးလေ၊ အဲဒါဆိုတော့ သူတို့လည်း ပြန်တိုက်ချင်နေတာ၊ သူတို့အ တွက်နေရေး၊ ထိုင်ရေး၊ စားသောက်တာဝန်ယူပေးမယ့်အဖွဲ့ရှိရင် အဲဒါသာဖန်တီးပေးပေါ့၊ ကျန်တဲ့ တိုက်ခိုက်ရေးက သူတို့လုပ်ပေးမယ်ပေါ့၊ ဘယ်တိုက်ပွဲနေနေ သူတို့က ရှေ့ကနေ ဦးဆောင်တိုက်ဆို လည်းတိုက်ပေးမယ်ပေါ့၊ နောက်ကနေ ထောက်ပို့နေဆိုရင်လည်းနေပေးမယ်၊ CDM လုပ်လာပြီး ဒီ အတိုင်းကြီး ဘာအလုပ်မှမရှိပဲနေရတော့ စိတ်လေလို့ မနေချင်တာတဲ့၊ အခု CDM လုပ်လာတဲ့ တစ် ယောက်ကလည်း တိုက်ခိုက်ရေးထဲပဲ ဝင်မယ်လို့ ပြောတယ်” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article