27 C
Yangon

TNLA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နမ္မတူ ဗျူဟာမှူးနှင့် စစ်ကြောင်းတချို့ အင်အား ၂၀၀ ဝန်းကျင် ဆုတ်ခွာ၊ နမ္မတူတွင် တပ်စခန်းမရှိတော့ဘဲ ပြန့်ကျဲကွဲထွက်နေသော စစ်တပ် စစ်ကြောင်းတချို့လည်း တပြိုင်နက်တည်း ထွက်ပြေးရ

Must read

TNLA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နမ္မတူ ဗျူဟာမှူးနှင့် စစ်ကြောင်းတချို့ အင်အား ၂၀၀ ဝန်းကျင် ဆုတ်ခွာ၊ နမ္မတူတွင် တပ်စခန်းမရှိတော့ဘဲ ပြန့်ကျဲကွဲထွက်နေသော စစ်တပ် စစ်ကြောင်းတချို့လည်း တပြိုင်နက်တည်း ထွက်ပြေးရ

■ နမ္မတူမြို့ကို TNLA က အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ မြို့နယ်တွင် တအာင်း TNLA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နမ္မတူ ဗျူဟာမှူးနှင့် စစ်ကြောင်းတချို့ ယမန်နေ့ ညပိုင်း ဆုတ်ခွာသွားပြီး နမ္မတူမြို့နယ်တွင် ပြန့်ကျဲနေသော စစ်တပ်စစ်ကြောင်းတချို့လည်း တပြိုင်နက်တည်း ထွက်ပြေးဆုတ်ခွာရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

“မနေ့ညပိုင်းက နမ္မတူဗျူဟာက ဗျူဟာမှူးနဲ့ စစ်ကြောင်း စုစုပေါင်း အင်အား ၂၀၀ ဝန်းကျင် ဆုတ်ခွာပါတယ်။ နမ္မတူ ဂွင်ထဲမှာ ပြန့်ကျဲနေတဲ့ စစ်ကြောင်းတချို့တွေလည်း ခွာစစ်ဆုတ်ဖို့ လက်နက်တွေ ချန်မထားဖို့ ညွှန်ကြားချက်တွေရှိပါတယ်။ ဆုတ်ခွာတဲ့ စစ်ကြောင်းတွေကတော့ အခုထက်ထိ အဆက်အသွယ်ရတုန်းပဲလို့ သိရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် တအာင်း TNLA တပ်မတော်က နမ္မတူမြို့ကို သိမ်းပိုက် ထိန်းချုပ်ရရှိသွားခြင်းဖြစ်ကြောင်း တပ်ဘက် သတင်းရင်းမြစ်တချို့က အတည်ပြုပြီး TNLA ပြန်ကြားရေးကမူ လက်ရှိအချိန်အထိ သတင်းပေးပို့မှု မရရှိသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျမတို့ဆီတော့ သတင်းတက်မလာသေးလို့ အတည်မပြုနိုင်သေးပါဘူး၊ မနေ့က အထိတော့ နမ္မတူ မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေ၊ Mi 35 တွေ သုံးပြီးတော့ နမ္မတူမြို့ထဲကို ဗုံးလာကျဲတာတွေရှိတယ်၊ တခြားနေရာတွေ တိုက်ပွဲဖြစ်တာမ ဟုတ်ပဲနဲ့ ကျောက်မဲမှာရော၊ လားရှိုးမှာရှိတဲ့ ဖန်တောင်ကျေးရွာမှာရော ရဟတ်ယာဉ် ဗုံးကျဲတာ မျိုးတွေရှိတယ်၊ ကို့ကန့်ဘက်မှာရော ဂျက်နဲ့လာပစ်တာတွေရှိတယ်၊ တိုက်ပွဲဖြစ်တာ စစ်ကောင်စီ တပ်စခန်းရှိတဲ့နေရာမှာပဲ ဖြစ်တာ၊ ဒါပေမယ့်လက်နက်ကြီးနဲ့ ပစ်တာက နမ္မတူမြို့ထဲကို ပစ်တာ” ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နမ္မတူအခြေစိုက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၂၄ ကိုလည်း TNLA တပ်ဖွဲ့များက သိမ်းပိုက်ရရှိထားပြီး အဆိုပါ တပ်ရင်းသည် လက် နက်ကြီးများဖြင့် ပြည်သူများ သေဆုံးထိခိုက်စေရန် အဓိက ပစ်ခတ်ခဲ့သော တပ်ဖြစ်ကြောင်း နမ္မတူမြို့ဒေသပြည်သူတချို့က ဆိုကြသည်။

ဓာတ်ပုံ- နမ္မတူအခြေစိုက် ခမရ ၃၂၄ တပ်ရင်းကို TNLA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article