29 C
Yangon

မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် အပြန်အလှန် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

Must read

မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် အပြန်အလှန် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား ဒရုန်းဖြင့် အပြန်အလှန် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ထံမှ သိရ သည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ စခန်းမှ နဘက် ကျေးရွာဘက်သို့ ဦးတည်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို Fixed Wings လေ ယာဉ်များဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နောက်ပြန်ဆုတ်သွားကြောင်း၊ ထို့နောက် မုံရွာ -မန္တ လေးလမ်းမပေါ်ရှိ မြောင်လမ်းခွဲ၌ တပ်စွဲကာ ခရီးသွားပြည်သူလူထုကို ဆက်ကြေးကောက် စစ်ဆေး တောင်းရမ်းနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၂ လုံး ရမ်းသမ်းပစ်ခတ်ကာ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာဘက်သို့ ကားဖြင့် ထွက်လာပြီး လမ်းတ လျှောက် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူအချို့ ကျည်ထိမှန် ဒဏ်ရာရှိမှုရှိခဲ့ ကြောင်း၊ ထို့အပြင်ခရီးသွားပြည်များ၏ ဆိုင်ကယ် အစီး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ထိုသို့ ပြည်သူလူထုအပေါ် ရမ်းကားနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေထိုင်ရာ အဆောက်အအုံများနှင့် ဆက်သွယ်ရေး အ ဆောက်အအုံများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အလ္လကပ္ပကျေးရွာဘက်သို့ ထွက်ခွာသွားသည့် စစ်ကောင်စီတပ်သားများ ပြန်လည်ရောက်ရှိလာပြီး ၆ လက်ဒရုန်း ၂ စီးဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကိုလိုက်လံရှာဖွေကာ ဗုံးသီး ၂ လုံးကျဲချပြီး ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဒရုန်းတက်လာသည့် နေရာကို မှတ်သားပြီး ဒရုန်းများ ပြန်မ ဆင်းမီ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို CDSOM 001 Drone Team ၊ ဆင်ရိုင်းစစ်ကြောင်း – မြောင်၊ မြောင်မြို့နယ် ပလဖ ၊ မြင်းမူမြို့နယ် အလ္လကပ္ပတိုက်နယ် ပကဖ ၊ CRF မြင်းမူ နှင့် TGR ဗိုလ်တိုက်ဂါး အဖွဲ့မြောင်တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article