29 C
Yangon

နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်း အများအပြား TNLA က ထပ်မံ သိမ်းဆည်းရရှိ

Must read

နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်း အများအပြား TNLA က ထပ်မံ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီး အပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁ နာရီ မိနစ် ၃၀ ခန့်တွင် နမ္မတူမြို့ရှိ စစ်ကောင်စီ ခမရ-၃၂၄ ဗျု ဟာ ကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်း စခန်း၊ ရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး ဝင်ရောက်ရှင်းလင်းခဲ့ရာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ စတင်တိုက်ခိုက်ခဲ့ရာ ၄ ရက်ကြာ တိုက်ခိုက်ပြီးနောက် နမ္မတူတစ်မြို့နယ်လုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နမ္မတူမြို စခန်းသိမ်းတိုက်ပွဲ (၄)ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆၁ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၂၁၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၉၃ ကြိမ် ထက် မ နည်း အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း ပစ်မှတ်ထား တိုက်ခိုက် မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ၈ ဦး ဒဏ်ရာ ရရှိကာ၊ ဗလီကျောင်း၊ ဘာသာရေးအဆောက် အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် ၇ လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့ ၊မန်တုံမြို့၊ မိုင်းလုံမြို့တိုကို သိမ်းပိုက်ခဲ့ပြီးနောက် ပဥ္စမမြောက်မြို့အဖြစ် နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန် သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article