28 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်းရှိ ကညိုကျွန်း ၊ ကထောင်းနီ ၊ ပြင်းထိန် ၊ လေးသွန်းခံ နှင့် စစ်ပြဲ စသည့် ကျေးရွာများကို စစ်ကြောင်း စီးနင်းနေပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိ​ပြီး ဒေသပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“၂၁ ရက်နေ့ လောင်းလုံးမြို့ပေါ် တိုက်ပွဲပြီးကတည်းက ညင်းမော်၊ စစ်ပြဲ အနီးက ဆီအုန်းတောထဲ စစ်ခွေး ၆၀ လောက် စပြီးပုန်းခိုနေကြတယ်။ အဲဒါကြောင့် ၂၄ ရက်နေ့မှာ ကျွန်တော်တို့ လက်နက်ကြီးနဲ့ အဲဆီအုန်းတောထဲ ကို ပစ်ခတ်ခဲ့သေးတယ်။ ၂၆ ရက်နေ့မှာ ထားဝယ်မြစ်ထဲက စစ်သင်္ဘောဝင်လာပြီး မြစ်ထဲကျောက်ချပြီးတာနဲ့ ထားဝယ်မြစ်ကမ်းစပ် လောင်းလုံးမြို့နယ်ထဲက ဝေဒီ၊ ကညုံကျွန်းရွာတွေထဲ ရေကြောင်းကနေ စစ်ကြောင်းဝင်လာတယ်။ စစ်ပြဲ ဆီအုန်းတောထဲ ခိုနေတဲ့ စစ်ခွေးတွေ လည်း ထွက်လာကြပြီး မွှေတော့တယ် မနေ့ကနဲ့ ဒီနေ့ ရွာ ၆ ရွာလောက် ပတ်မွှေနေပြီး အခု နေအိမ်တွေပါ မီးရှို့လာတယ်။ စစ်ရှောင်တွေက ပျမ်းမျှဆို ၃၀၀၀ လောက် ရှိတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒေသပြည်သူများ၏ အရေးကြီးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းထားရှိရန် နှင့် လုံခြုံရေးအထူးဂရုစိုက် သတိရှိနေပေးကြပါရန် နှိုးဆော်တိုက်တွန်းလိုကြောင်း လောင်းလုံးမြို့နယ် PDF ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article