31.9 C
Yangon

မရမ်းကုန်းမြို့နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးနှင့် မော်တော်ပီကယ်ရုံး ကို ဗုံးခွဲ တိုက်ခိုက်

Must read

မရမ်းကုန်းမြို့နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးနှင့် မော်တော်ပီကယ်ရုံး ကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စက်မှုဝန်ကြီးဌာနလက် အောက်ခံ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ၎င်း ရုံးရှေ့ရှိ မော်တော်ပီကယ်ရုံးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force- FLA ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ အချိန်ခန့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အမြဲ တမ်းနေထိုင်သော မရမ်းကုန်းမြို့နယ်၊ စက်မှုဝန်ကြီးဌာနလက်အောက်ခံ၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးနှင့် ၎င်းအရှေ့ရှိ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်လေ့ရှိသော မော် တော်ပီကယ်ရုံးတို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အသေးစိတ်အခြေကို မသိရှိရသေးပေ။

အဆိုပါတိုက်ခိုက်မှုကို Freeland Attack Force- FLA ၊ Anonymous Fighters Force- AFF နှင့် Emerald Girls Army- EGA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြပြောက်ကျား အင်အားစုအနေဖြင့် ရန်ကုန်မြို့ပြကို အကြမ်းဖက် စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်၍ မရစေစေရန် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြတွင် အများပြည်သူ လူထု နှင့်အတူ လျှို့ဝှက်စွာ ရှိနေမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article