28.9 C
Yangon

ဝန်းသို ၅ မိုင်ဂိတ်တွင် ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်နှင့်ခရီးသည်တချို့ကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်

Must read

ဝန်းသို ၅ မိုင်ဂိတ်တွင် ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်နှင့်ခရီးသည်တချို့ကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်အကြား ၅ မိုင်ဂိတ်တွင် ညအိပ်ရပ်နားနေသော ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်များနှင့်ခရီးသည်တချို့ကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စစ်တပ်က အမည်တပ် လိမ်လည်သတင်းထုတ်ပြန်လာကြောင်း ပစ်သတ်ခံရသူတချို့၏ မိသားစုနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ကောလင်းနှင့် ဝန်းသိုအကြား ၅ မိုင်ဂိတ်တွင် ကားရပ်နားပြီး ညအိပ်နေကြသည့် ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်နှင့်ခရီးသည်တချို့ကို ဖမ်းဆီးခေါ်ဆောင်ပစ်သတ်လိုက်ကြောင်း၊ ယင်းနောက် PDF များ ဖမ်းဆီး ရရှိသည်ဟုဆိုကာ သေနတ်များ၊ လက်လုပ် စိန် ပြောင်းများကို အလောင်းများ ဘေးနားချထားကာ ဓာတ်ပုံရိုက်ယူ သတင်း ထုတ်ပြန်လာကြောင်း သိရှိရသည်။

“မနေ့ညပိုင်း ကောလင်း နဲ့ ဝန်းသိုကြား ၅ မိုင်ဂိတ် ကားတွေညအိပ်နားတဲ့ ထ မင်းဆိုင်မှာ မနေ့ညက ညအိပ်နားနေသူရော ဆိုင်ရှင်တွေကိုရော အကုန် အိပ်နေချိန် နှိုးတယ်။ ပြီးတော့ စစ်တပ်က အားလုံးကို ပစ်သတ်သွားတယ်။ ကျနော့်မိတ်ဆွေ ဘတ်ဟိုးကားသမား ကိုအောင်ကြီး လည်း ပစ်သတ်ခံရတဲ့အထဲပါ သွားပါတယ်” ဟု ဝန်းသိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားသူ အနည်းဆုံး ၁၀ ဦးအထက်ရှိပြီး ပိုက်ဆံအိတ်များ၊ ငွေကြေးများနှင့် နာရီများ တန်ဖိုးရှိသော ပစ္စည်းများကို လုယက်သွားကြောင်း၊ ဆိုင်ကယ်နှင့်ကားများကိုပါ လုယူသွားကြောင်း သိရှိရသည်။

စစ်တပ်၏ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ဝန်းသိုမြို့နယ်တွင် PDF အလောင်း ၁၄ လောင်းနှင့်အတူ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ အမ်-၂၂ ကျည် ၃၅၂ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အိုင်ကွန် ၅ လုံး၊PDF တံဆိပ်ပါအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ပြောက်ကျားကျောပိုးအိတ် ၆ လုံး၊ ဆိုင်ကယ် ၅ စီး၊ ကား ၁ စီး တို့ကို သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article