27 C
Yangon

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကလေး ၂ ဦးအပါအ၀င် ပြည် သူ ၃ ဦးသေဆုံး

Must read

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကလေး ၂ ဦးအပါအ၀င် ပြည် သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေး ၂ ဦးအပါအ၀င် ပြည် သူ ၃ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ၀န်းကျင်မှစတင်ပြီး ၀န်းသို အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးအပါ အ၀င် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ သံဃာတော် ၁ ပါးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

၀န်းသိုမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ၂ ကြိမ်၊ နံနက် ၁၁ နာရီနှင့် နံနက် ၁၁ နာရီခွဲ၀န်းကျင်တွင် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကောလင်းမြို့နယ်ဒေသတွင်းသတင်းများ ကို ဖော်ပြနေတဲ့ ပြည်သူမှ ပြည်သူ သို့အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးနှင့် အသက် ၈ နှစ်အရွယ်ကလေးများ အပါအဝင် အသက် ၆၆ နှစ်အရွယ် ဦးကျော်၀င်း တို့ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကလေး ၂ ဦး၏ မိခင်ဖြစ်သူနှင့် သံဃာတော် ၁ ပါးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ကောလင်းမြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် KIA အပါအဝင် တော်လှန် ရေး တပ်များ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နို၀င်ဘာလ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article