28 C
Yangon

သီပေါနှင့်နမ္မတူအကြားရှိ မိုးတေချောင်းကူးတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

Must read

သီပေါနှင့်နမ္မတူအကြားရှိ မိုးတေချောင်းကူးတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် နမ္မတူမြို့အကြားရှိ မိုးတေချောင်းကူးတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများနှင့် TNLA ထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်း TNLA ၏ ထုတ်ပြန်ချက်တွင် သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ အချိန် စစ်ကောင်စီ၏ ၅၀၃ ၊ ၅၀၄ တပ်က လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ မိုးတေချောင်းတံတားသည် သီပေါ – နမ္မတူ – မန်တုံ – နမ့်ဆန်မြိုသို အဓိကဆက်သွယ်ထားသည့် တံတားဖြစ်ကြောင်း

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

“တံတားက သွားလို့မရတော့ဘူး။ ကားသွားလို့မရတာ ဆိုင်ကယ်တော့ သွားလို့ရသေးတယ်။ ပုံမှန်တော့ အဲဒီလမ်းကြောင်းမှာ သီပေါဘက်က တပ်ကတွေ သွားလာတာတွေ၊ ကင်းပုန်းဝပ်တာတွေလုပ်နေတာပါ။ သီပေါအဝင်ဘက်မှာလည်း တပ်တွေ ကင်းပုန်းဝပ်နေတာတွေ ရှိတယ်” ဟု သီပေါဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် သီပေါမြို့နယ်ဘက်သို့ TNLA တပ်များက တိုက်ခိုက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီက စစ်ပြင်မှုများ လုပ်ဆောင်နေပြီး အထူးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ လက်နက်တချို့ ထုတ်ပေးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article