29 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးခြံမှ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်အင်းရွာနှင့် ကူးတို့ဆိပ်ကျေးရွာများကို ရောက်ရှိလာပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မအူပင်ရွာ၊ ဆင်အင်းရွာနှင့် ကူးတို့ဆိပ် ကျေးရွာများ အနီးကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် လေကြောင်း တိုက်မှုပြုလုပ်ပြီး ညောင်ကိုင်းရွာမှ ပျူစောထီး ၃၀ ခန့်သည် ဆင်အင်းရွာနှင့် ကူးတို့ဆိပ်ရွာတို့ကို အင်အားဖြည့်ပြီးနောက် ကူးတို့ဆိပ်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့​ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံ စစ်​ကြောင်းထိုးလာ၍ ဒေသပြည်သူများ ဒီပဲယင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” မြင်းစီးရွာ၊ ကူးတို့ဆိပ်ရွာနဲ့ ညောင်ကိုင်းရွာတွေမှာ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ပြီး ပျူတွေက အထိုင်ချထားတာ အဲဒီရွာတွေကို ပျူတွေကြီးစိုးထားပြီး စစ်ကြောင်းက အဲဒီရွာတွေကို ဝင်ရောက်လာတဲ့အတွက် အနီးဝန်းကျင်ရွာတွေ တိမ်းရှောင်ကြရပါတယ်။ မအူပင်ကျေးရွာက ရွာလုံးကျွတ်တိမ်းရှောင်ရတယ်။ ဒီပဲယင်းမြို့နယ် မူးရိုးကုန်း/ချောင်းမီးတို မူးမြစ်ကမ်းဘေးက ကျေးရွာတွေက ပြည်သူအချို့လည်း ဝေဟင်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ကြရပါတယ်။ စစ်ခွေး အင်အား ၁၃၀ ခန့်လောက် ဆင်အင်းရွာနဲ့ ကူးတို့ဆိပ်ရွာတွေမှာ ရှိနေပါတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးကပြောဆိုသည်။

Photo – ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article