29 C
Yangon

ပဲနွယ်ကုန်းမြို့ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် တောက်လျှောက် ဗုံးကျဲနေပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထား

Must read

ပဲနွယ်ကုန်းမြို့ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် တောက်လျှောက် ဗုံးကျဲနေပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ပတ်ဝန်း ကျင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်လာပြီးသည့်အချိန်မှစတင်၍ စစ်ကောင်စီတပ်က ပဲနွယ်ကုန်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ပဲနွယ်ကုန်းမြို့ ၊ အရှေ့ဘက် သဲကောကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ ခမရ ၃၀၇ တပ်က တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ပြည်သူများနေထိုင်ရာ နေရာများသို့ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ တိုက်လေယာဉ်များကလည်း ပဲနွယ်ကုန်းမြို့ ပတ်လည်ကို ဗုံးများ ကျဲချနေပြီး သဲကောကျေးရွာ၊ ကျောင်းစိုးကျေးရွာနှင့် ထိန်တောကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုလည်း စစ်တပ်က ဖြတ်တောက်ထားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ပဲနွယ်ကုန်းမြို့ အရှေ့ဘက် သဲကောရွာအကြားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီရဲ့ ခမရ ၃၀၇ တပ်ရင်းက အတွဲလိုက်မစ်ဇိုင်းဒုန်းများဖြင့် အဆက် မပြတ် ပစ်ခတ်နေတယ်။ ဖုန်းလိုင်းနဲ့ မိုဘိုင်းလ်အင်တာနက်တွေ ဖြတ်တောက်ထားပါတယ်။ တိုက်လေ ယာဉ် ၂ စီးနဲ့လည်း ဗုံးတွေ ဆက်တိုက်ကျဲနေပါတယ်။ သဲကော ကျောင်းစိုး ထိန်တောရွာတွေကို လက်နက်ကြီးတွေကျရောက် ပေါက် ကွဲပြီး ပဲနွယ်ကုန်းမြို့ပေါ် ပြည်သူတွေပါ ဘေးလွတ်ရာ ရှောင်နေကြရပါတယ်။ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကျဲနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပဲနွယ်ကုန်းမြို့သည် နတ်သံကွင်း-ကျောက်ကြီး သွားလမ်းပေါ်တွင်ရှိသည့် လမ်း ဆုံမြို့ဖြစ်ပြီး လက်ရှိတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပဲနွယ်ကုန်းမြို့ မှ ပြည်သူများ ၊ မြို့ပတ် ဝန်းကျင် ကျေးရွာများမှ ပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article