29 C
Yangon

ကော့ကရိတ်မြို့နယ်၊ တေင်ကြာအင်းရဲစခန်းမှ ရဲ ၁၀ ဦး လက်နက်ချအညံ့ခံ၊ တောင်ကြာအင်းကျေးရွာ တပ်စခန်းနှင့်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

Must read

ကော့ကရိတ်မြို့နယ်၊ တေင်ကြာအင်းရဲစခန်းမှ ရဲ ၁၀ ဦး လက်နက်ချအညံ့ခံ၊ တောင်ကြာအင်းကျေးရွာ တပ်စခန်းနှင့်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်ချအညံ့ခံပြီး တော်လှန်ရေးတပ်များက တောင်ကြာအင်းရဲစခန်းနှင့် တောင်ကြာအင်းကျေးရွာရှိ စစ်တပ်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျီဖက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့မနက်မှာ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့အတူ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရဲစခန်းကိုတော့ သိမ်းနိုင်ခဲ့တာကြာပြီဖြစ်တယ် စာသင်ကျောင်းမှာ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားတဲ့ နေရာကိုတော့ ယနေ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရဲ ၁၀ ဦးလက်နက်ချပါတယ်” ဟု ရဲဘော် ဂျီဖက်က ပြောဆိုသည်။

လက်ရှိတွင် တောင်ကြာအင်းကျေးရွာရှိ စစ်တပ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး စစ်သားများ သေဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုတို့ကို အတိအကျ မထုတ်ပြနိုင်သေးကြောင်း၊ အခြေအနေကို စိစစ်နေဆဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“စစ်သားတွေ ထိခိုက်သေဆုံးတာတွေနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုကတော့ နယ်မြေရှင်းလင်းရေးလုပ်နေဆဲမလို့ ထုတ်ပြန်ပေးလို့မရသေးပါဘူး။ နယ်မြေ ရှင်းလင်းရေးလုပ်ပြီးရင်တော့ သတင်းကို အတိအကျ ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ရဲဘော် ဂျီဖက်က ဆက်လက်ရှင်းပြသည်။

တောင်ကြာအင်းကျေးရွာ တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် KNLA ဦးဆောင်သော တပ်ရင်းတပ်ဖွဲ့များ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article