29 C
Yangon

တနင်္သာရီမြို့နယ်ရှိ ကမ္ဘောဇဆီအုန်း ကုမ္ပဏီဝင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ မြောင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်ရှိ ကမ္ဘောဇဆီအုန်း ကုမ္ပဏီဝင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ မြောင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာစခန်း ကုန်းရှေ့ ကမ္ဘောဇဆီအုန်းကုမ္ပဏီစီမံကိန်းရုံးဝန်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင် စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းညီနောင် များ တပ်ပေါင်းစု – S B A ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာအနီး အကြမ်းဖက်စစ် ကောင်စီ၏ ဗျူဟာစခန်းရှေ့ရှိ ကမ္ဘောဇ ဆီအုန်းကုမ္ပဏီ စီမံကိန်းရုံးခန်း အဆောက်အအုံများကို ကာဗာယူကာ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တောင်ပိုင်းညီနောင် များတပ်ပေါင်းစု SBA စစ်ကြောင်းမှ သွားရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘောဇကုမ္ပဏီ ဆီအုန်းစီမံကိန်းဝန်ထမ်းများသည် ဒီစဉ်ဘာလ ၉ ရက်နေ့ကတည်းက ပြောင်းရွှေ့ သွားကြ ပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် အနည်းသာကျန်ရှိတော့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ဝန် ထမ်းများ ထိခိုက်မှုမရှိကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် ကမ္မလိုင်းရွာ အခြေစိုက် ခမရ ၅၅၈ တပ်ရင်း မှ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့် တပ်ဖြည့်ကာ နေရာယူထားကြောင်း သိရသည်။

တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းအနေဖြင့် မြိတ် -ကော့သောင်း ကားလမ်းမကြီး ပေါ်ရှိ ထုံခါ-မောင်လမ်းပိုင်းနယ်မြေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ က ထုတ်ပြန်ပြီး တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေအရ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ ခရီးသွားလာ ခြင်းမပြုလုပ်ကြရန် တနင်္သာရီမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထားသည်။

ထို့ပြင်း မြင်းမူမြို့နယ် ဆက်သွယ်ရေး တာဝန်ခံ (MoCIT) ကိုကြက်ဖ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်နေစဥ် ဒရုန်းဖြင့် ဒုန်းကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြောင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ အထိုင်ချစခန်းကို ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြောင်မြို့ပေါ်ရှိ တရာရုံးရှေ့၌ ဆက်ကြေး ကောက်ခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးသီး ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၂ ကောင် သေပါတယ်။ စစ်ခွေး အလောင်းကိုတော့ မှတ်တမ်း မရရှိခဲ့ပါဘူး” ဟု မြင်းမူမြို့နယ် ဆက်သွယ်ရေး တာဝန်ခံ (MoCIT) ကိုကြက်ဖ ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article