29 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ရရှိထားသော စစ်စခန်းများကို TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်မှ ကွင်းဆင်းစစ်ဆေး

Must read

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ရရှိထားသော စစ်စခန်းများကို TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်မှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA မှ သိမ်းပိုက်ရှိသော စစ်ကောင်စီတပ်စခန်းများကို TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်မှ တအာင်းပြည်နယ်အတွင်း ဖော်ဆောင်နေသော ၁၀၂၇ စစ်ဆင်ရေး ကာလ၌ သိမ်းဆည်းရမိသည့် တပ်စခန်းများ၊ နယ်မြေစိုးမိုးမှု ရရှိပြီးဖြစ်သည့် တပ်မ ဟာ စစ်ဒေသအသီးသီးသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

PSLF / TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်မှ စစ် ဆေးခဲ့သည့် တပ်စခန်းများမှာ တပ်မဟာ ၁ စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းသို့ လည်း ကောင်း၊ တပ်မဟာ၂ စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ ကဒိုင်းဖူးတပ်စခန်း၊ နမ့်ဆန်မြို့တပ်စခန်း၊ နမ့်ဆန်မြို့တွင်းသို့ လည်းကောင်း၊ တပ်မဟာ ၃ စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်း၊ ပန်ယုတ်တပ်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ခိုမုန်းတပ်စခန်း၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းနှင့် မန်တုံမြို့တွင်းသို့ လည်းကောင်း၊ တပ်မဟာ ၄ စစ်ဒေသဖြစ်သည့် နမ္မတူ မြို့ ခမရ-၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်းသို့ လည်းကောင်း၊ တပ်မဟာ ၅ စစ်ဒေသ နယ်မြေဖြစ် သည့် ယုံမော၊ လွယ်ကန်၊ လွယ်ဟွမ်၊ ရှောက်ဟော်တပ်စခန်းနှင့် အခြားစခန်းငယ်သို့ လည်းကောင်း၊ တပ်မဟာ ၆ စစ်ဒေသဖြစ်သည့် မိုင်းကျက်၊ တိန်းတန်၊ ပန်ရှော၊ ဂျာယာန်၊ ဆိုင်လျှံတပ်စခန်းနှင့် အခြားစခန်းငယ်တို့ကို အသီးသီးသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရှေ့တန်းရှိ တပ် မှူး များနှင့်တွေ့ဆုံကာ သိမ်းဆည်းရမိသည့် နယ်မြေများ စခန်းများ ပြန်လည်လက်လွတ်ဆုံးရှုးမှုမရှိစေရေး၊ တပ်လုံခြုံရေးဆိုင်ရာ လုပ် ငန်းဆောင်ရွက်ထားရန် စစ်ရေးအမြင် စစ်ရေးသတိ အမြဲမပြတ်ထားရှိရန် တွေ့ဆုံကာ လမ်းညွန်မှာကြားခဲ့ကြောင်း၊ အလားတူ ဒေသနေပြည်သူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့်လည်း တွေ့ဆုံခဲ့ပြီး မိမိအဖွဲ့အနေဖြင့် စစ်သုံ့ပန်းဥပဒေ လိုက်နာသည့်အဖွဲ့ဖြစ် ကြောင်း၊ မိမိလက်ထဲရောက်လာပြီ ဖြစ်သည့်အတွက် စိတ်ချလုံခြုံမှုရှိပြီ ဖြစ်သည်ဟု ပြောဆို ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA တပ်ဖွဲ့အနေဖြင့် အ ကြမ်းဖက်စစ်ကောင်စီ၏ စခန်းကြီး ငယ်ပေါင်း ၇၃ ခုကို သိမ်းပိုက်ထားကာ မြို့နယ် ၅ မြို့ကို သိမ်းဆည်းပြီး ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article