နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာတစ်ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် နမ္မတူမြို့နယ်၊ မန်လီကျေးရွာရှိ ဘုန်း ကြီးကျောင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင် တစ်ခုလုံးထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းအနီးရပ်နေ သည့် အသက် ၂၀ အရွယ် TNEC ကျောင်းဆရာမ လွေးမေဖြိုးအိ ဗုံးစ ထိမှန်ကာ သေဆုံးသွားခဲ့ ကြောင်း သိရသည်။
အဆိုပါ ဘုန်းကြီးကျောင်းရှိ ဆရာတော်နှင့် ကိုရင်လေးများသည် တိုက်ပွဲစဖြစ်ကတည်း ကျောင်း တွင်နေထိုင်ခြင်းမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၁၇ မိနစ်အချိန်တွင် နမ္မတူမြို့၊ တံတားအနီးသို့ ဂျက်လေယာဉ်ဖြင့် ထပ်မံ လာရောက်ဗုံးကျဲတိုက်ခိုက်ရာ တံတားအနီးရှိ ဒေသနေ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် သီပေါမြို့နယ်၊ နမ့်ဟူးနွဲကျေးရွာကို စစ် ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမ့်ဟူးနွဲဘုန်းကြီးကျောင်းအတွင်း ကျ ရောက်ပေါက်ကွဲပြီး ကျောင်းဆောင်နှင့်ဇရပ် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ လူထိခိုက် သေဆုံးမှုမရှိ ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ်တွင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် လူနေ အိမ် ၁၀ လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။