33 C
Yangon

ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ပွိုင့် ၃၇၇ ခြေကုပ်စခန်းနှင့် မြောက်ဦးခရိုင် ရဲစခန်း တိုက်ခိုက်ကို AA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အမြောက်အများ သေဆုံးပြီး ပုပ်ပွနေသော အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

Must read

ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ပွိုင့် ၃၇၇ ခြေကုပ်စခန်းနှင့် မြောက်ဦးခရိုင် ရဲစခန်း တိုက်ခိုက်ကို AA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အမြောက်အများ သေဆုံးပြီး ပုပ်ပွနေသော အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ချင်းပြည်နယ်ပလက်ဝမြို့ရှိ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းနှင့် မြောက်ဦးခရိုင် ရဲစခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်‌ ကောင်စီတပ်သား အမြောက်အများ သေဆုံးကာ ပုပ်ပွနေသည့် စစ်ကောင်စီတပ်သား ရုပ်အ လောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း AA က ပြောသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၉ နာရီခန့်အချိန် မြောက်ဦးမြို့ရှိ ခရိုင်ရဲစခန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် ပလက်ဝမြို့ရှိ ခဝဲဗျူကုန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ပလက်ဝမြို့နယ်၊ အိန္ဒိယ -မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ် စခန်းကိုလည်းကောင်း ရခိုင့်တပ်တော် – AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းပိုက်ရယူထားသော စစ်ကောင်စီစခန်းကုန်းများမှ စစ်ကောင်စီတပ်သား အလောင်း အမြောက်အမြား၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်း ဆည်းရမိခဲ့ပြီး ပုပ်ပွပြီး အနံ့အသက်မကောင်းစွာဖြင့် နေရာအနှံ ပြန့်ကျဲသေဆုံးနေသော စစ်ကောင်စီ တပ်သား အလောင်းများစွာတို့ကို ကောင်းစွာမြေမြှုပ်သင်္ဂြိုဟ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်နက်ချအညံ့ခံခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်စစ် ကောင်စီ တပ်သားများကို လိုက်လံချေမှုန်းလျက်ရှိပြီး လက်နက်ချအညံ့ခံသောသူများ အသက်ချမ်းသာပေး မည်ဖြစ်ကာ မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးထားကြောင်း ရခိုင့်တပ်တော် AA က သတိပေးထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် စစ်ဆင်ရေး စတင်သည့်နေ့မှစ၍ ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လျက် ရှိရာ အချို့စစ် ကောင်စီတပ်စခန်းများမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားလျက်ရှိကြောင်း AA က ပြောသည်။

ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းတပ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်ပိုင်းတွင် အတူတကွ ဆင်နွှနေသကဲ့သို ရက္ခိုင်၊ ပလက်ဝဒေသ နှင့် အခြားသော ဒေသများ၌လည်း ထိုးစစ်များ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article