29 C
Yangon

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကျောင်း ဆရာမ ၁ ဦး သေဆုံး ၊ သီပေါ၊ လားရှိုး၊ မူဆယ်နှင့်ကျောက်မဲမြို့ရှိ ပြည်သူတွေကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်

Must read

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကျောင်း ဆရာမ ၁ ဦး သေဆုံး ၊ သီပေါ၊ လားရှိုး၊ မူဆယ်နှင့်ကျောက်မဲမြို့ရှိ ပြည်သူတွေကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်

ရန်ကုန် | ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နမ္မတူမြို့နယ်အတွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦးသေဆုံးပြီး ၄ဦးထိခိုက်ဒါဏ်ရာ ရရှိသွားတယ်လို့ TNLAဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မနေ့က (ဒီဇင်ဘာလ ၂၉ရက်) ညနေ ၄နာရီခန့်က လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် လာရောက်ကြဲချခဲ့တဲ့ ဗုံး၃လုံး နမ္မတူမြို့နယ် မန်လီကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲမှုအတွင်းမှာတော့ ဒေသခံ အသက်၂၀အရွယ် ကျောင်းဆရာမတဦး သေဆုံးတယ်လို့ TNLAပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အလားတူ နမ္မတူမြို့က တံတားအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်ကြဲခဲ့လို့ ဒေသခံ ၄ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

စစ်တပ်က ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက်နေ့ကစလို့ အခုအထိ နမ္မတူမြို့နယ်အတွင်းမှာ ဒေသခံ ၃ဦးသေဆုံးပြီး ၁၅ဦးခန့်ထိခိုက် ဒါဏ်ရာရရှိထားတယ်လို့ TNLAပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ ည ၈ နာရီခန့်အချိန်ကလည်း သီပေါမြိုနယ်၊ နမ့်ဟူးနွဲ‌ကျေးရွာသို စစ်ကောင်စီက လက်နက်ကြီးနဲ့တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းဆောင် အပါအဝင် ဇရပ်လည်း လုံးဝ ပြိုကျပျက်စီးခဲ့ပါတယ်။

လားရှိးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေက နမ္မတူ ၁၀၅ မိုင်ကုန်း၊ နားဆော့ကျေးရွာ၊ ဟိုလောင်းကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီး နဲ့ ၄၈ ကြိမ်၊ မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် ကျေးရွာသို လက်နက်ကြီးဖြင့် ၄ ကြိမ်နှင့် ကွတ်ခိုင် မြို့နယ်ရှိ ပန်ဆေးကျေးရွာသို လက်နက်ကြီးဖြင့် ၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီ့အပြင် ကျောက်မဲမြိုနယ်ရှိ ကြူရှောကျေးရွာနှင့် နမ့်ယွန်ကျေးရွာအနီးကိုလည်း လက်နက်ကြီးနဲ့ ၄ ကြိမ် အပြင် အထက်ညောင်ကုန်းကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ၉ ကြိမ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article