30 C
Yangon

ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ ရဲတပ်ရင်း ၉ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၆ ခု ကို တပြိုင်နက် တည်းဗုံးခွဲတိုက်ခိုက်၊ မန္တလေးတွင်လည်း ပေါက်ကွဲသံများ နှင့်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ

Must read

ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ ရဲတပ်ရင်း ၉ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၆ ခု ကို တပြိုင်နက် တည်းဗုံးခွဲတိုက်ခိုက်၊ မန္တလေးတွင်လည်း ပေါက်ကွဲသံများ နှင့်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရဲတပ်ရင်း ၉ အပါအဝင် စစ်တပ်တပ်စွဲ နေထိုင်ရာ နေရာ ၆ ခုကို တပြိုင်တည်းနက် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Anonymous Fighters Force-AFF ပြောက် ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၈ နာရီအချိန်မှ စတင်ပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ စစ်အုပ်စု အသိုင်းဝိုင်းများရှိရာ နေရာများဖြစ်သော အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်၊ အမှတ်၂ ရပ်ကွက် ရာအိမ်မှူးတစ်ဦး၏နေအိမ်၊ အမှတ် ၁၀ ရပ်ကွက် ရာ အိမ်မှူးတစ်ဦး၏နေအိမ်၊ စစ်တပ်အတွက် အလုပ်လုပ်နေသူ လူမိုက် ဝင်းနိုင်၏ တပည့် ပျူစောထီး၏ နေအိမ် တို့နှင့် အကြမ်းဖက် စစ်အုပ်စုတပ်စွဲရာ ရဲတပ်ရင်း ၉ တို့ကို တပြိုင်နက်တည်းဖောက်ခွဲ တိုက်ခိုက် ခဲ့ ကြောင်း သိရသည်။

“နေရာ ၆ ခုကို တပြိုင်နက်ထဲဖောက်ခွဲ တိုက်ခိုက်ခဲ့တာ၊ ထိခိုက် ပျက်ဆီးမှု အသေးစိတ်အား မသိရှိရ သေးဘူး။ မစ်ရှင်ရဲဘော်များအနေဖြင့် ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာနဲ့ ရဲဘော် အားလုံး ဆုတ်ခွာ နိုင်ခဲ့ပါတယ်၊” ဟု Anonymous Fighters Force-AFF ပြောက် ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Anonymous Fighters Force-AFF ၊ Rangoon Urban Force- RUF နှင့် Freeland Attack Force- FLA တို့မှ ဗုံးများ အသုံးပြု၍ ရှောင်တခင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီခန့် ရပ်ကျေးအသိုင်းဝိုင်းများသည် မြို့နယ်အတွင်း အလွန်အမင်း ဆိုးသွမ်းနေပြီး အများ ပြည်သူလုထုအပါအဝင် တော်လှန်ရေး ရဲဘော်များအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ဖမ်းဆီးနေသဖြင့် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် သတိပေး ဖောက်ခွဲ တိုက်ခိုက်ရခြင်းဖြစ် ကြောင်း၊ မြို့ပြပျောက်ကျား အင်အားစုများအနေဖြင့် ရန်ကုန်မြို့ပြအား အကြမ်းဖက် စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်၍ မရစေရန် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြတွင် အများပြည်သူလူထုနှင့်အတူ လျှို့ဝှက်စွာ ရှိနေမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ မန္တလေးမြို့ပေါ်တွင်လည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း မန္တလေးဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရွှီးဆိုတဲ့ အသံနဲ့အတူ ပေါက်ကွဲသံတွေကြားရတယ်။ ရှော့တိုက်ဒုံးလားမသိဘူး။ ပေါက်ကွဲသံက မြေကြီးနဲ့အိမ်တောင်တုန်တယ်။ ပစ်ခတ်သံတွေလည်း တောက်လျှောက်ကြားနေရတယ်။ အတွဲလိုက်ပစ်တဲ့အသံတွေ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article