30 C
Yangon

ချောင်းဦးမြို့မရဲစခန်းနှင့် ထွေ/အုပ်ရုံးနှင့် မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

Must read

ချောင်းဦးမြို့မရဲစခန်းနှင့် ထွေ/အုပ်ရုံးနှင့် မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ် ရင်း -MSPDF/MSDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်မှ ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်သားများ အခြေချနေထိုင်ရာ ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတို့ကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် Air BOMB 1kg ၁၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လက်နက်ငယ်တွေနဲ့တော့ အချက်ပေါင်း ၂၀၀ ကျော် ၃၀၀ လောက်ပြန်ပစ်တယ်၊ လက်နက်ကြီးနဲ့ တော့ မပစ်ဘူး၊ ရဲဘော်တွေအားလုံး‌ ဘေးကင်းပါတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ် ရင်း -MSPDF/MSDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း – NRDF ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲ နှင့် CHAUK PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ(ပျူ)ရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Young Force -UG တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက် နေ့တွင် မြိုင်မြို့နယ်၊ တလင်းယာကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီး မီးရှို့ပြီး သရက်ကွ(ပျူ)ရွာသို့ ပြန်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို Fix Wing ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ထိခိုက် ဒဏ်ရာရရှိကာ သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖတပ်ရင်း ၁ ၊ DMG နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Thu Rain-TR (Pakokku)နှင့် Young Force – UG တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article