30 C
Yangon

လားရှိုး-နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ကျိုးကျ

Must read

လားရှိုး-နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ကျိုးကျ

ရန်ကုန်၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် လားရှိုး-နမ္မတူလမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ကျိုးကျပျက်စီးသွားကြောင်း၊ လက်ရှိတွင် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်း၍ မရကြောင်း ၊ တံတားမှာ ထက်ပိုင်းကျိုးကျသွားကြောင်း သိရှိရသည်။

“တံတားကတော့ ထက်ပိုင်းကျိုးကျသွားတယ်။ ကားရော ဆိုင်ကယ်ရော သွားလို့မရတော့ဘူး။ မိုင်းခွဲခံရတာ။ မနက်အစောမှာ မိုင်းခွဲသံ အကျယ်ကြီး ကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ကျိုးကျပျက်စီးသွားသော အီနိုင်းတံတား။

Photo – နေမျိုး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article