33 C
Yangon

တောင်သာမြို့နယ်၊ ကျောက်ဇီရဲစခန်းမှ ရဲ ၂ ဦးကို ပစ်ခတ်ခံရမှု ၂ ဦးစလုံး သေဆုံး

Must read

တောင်သာမြို့နယ်၊ ကျောက်ဇီရဲစခန်းမှ ရဲ ၂ ဦးကို ပစ်ခတ်ခံရမှု ၂ ဦးစလုံး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောက်ဇီကျေးရွာ ရဲစခန်းမှ ရဲ ၂ ဦးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး စလုံးသေဆုံးသွားကြောင်း Myingyan District Army – 3 MDA – 3 – Taungtha Youth ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီခန့်က လိုင်းကြေးကောက်ပြီး ပြန်လာသော တောင်သာမြို့နယ်၊ ကျောက်ဇီကျေးရွာရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် တပ်သား တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များမှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးနေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး လက်ပစ်ဗုံး တစ်လုံး၊ ငွေသား တစ်သိန်းနှင့် မှတ်ပုံတင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Army – 3 MDA – 3 – Taungtha Youth မြင်းခြံခရိုင် အမှတ်-၃ တပ်ရင်း၊ တောင်သာမြို့နယ် ပကဖ နှင့် ပုဂံဘီလူး အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article