30 C
Yangon

မိုးမိတ်မြို့နယ်၊ မန်ပတ်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

Must read

မိုးမိတ်မြို့နယ်၊ မန်ပတ်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မန်ပတ်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီက စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေကာ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မန်ပတ်ရွာထဲကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာတွင် စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတယ်။ နံနက် ၆ နာရီလောက်တည်းက တိုက်ပွဲစဖြစ်နေတာ ၉ နာရီ ၃၀ မိနစ်မှာ လေကြောင်းကနေ တစ်ကြိမ်ကျဲသွားပါတယ်။ တိုက်ပွဲက အခုထိ ဆက်ဖြစ်နေတုန်းပဲ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article