30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး အချိန်တိုကာလအတွင်းမှာပဲ မြို့ပေါင်း ၂၀ ကျော်နဲ့ စစ်တပ် စခန်းပေါင်း ၄၀၀ ကျော်ကို သိမ်းဆည်းပြီးဖြစ်သလို ၊ KNU ကနေလည်း စစ်ကောင်စီ တပ်သား ၁၈၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ၊အကြမ်းဖက်စစ်ကောင်စီရဲ့ နေဝင်ချိန် ရောက်လာ ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။

– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က စစ်ကောင်စီတပ်သားအများအပြား သေကုန်ကြတဲ့

တောင်ကြာ အင်းရဲစခန်းနဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ မြို့တွင်းစစ်ဆင်ရေးတွေ အရှိန်မြှင့်တင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုအောင်စံရှားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး-နမ္မတူ လမ်းပေါ်မှာရှိတဲ့ အီနိုင်းတံတားဟာ မိုင်းခွဲခံရပြီးတော့ ကျိုးကျပျက်ဆီး သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article