30 C
Yangon

ကောလင်းမြို့နယ်၊ တောင်မော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျ

Must read

ကောလင်းမြို့နယ်၊ တောင်မော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်နှင့် ည ၈ နာရီ ၄၅ မိနစ်တို့တွင် ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂၀ မှ ဟာဝစ်ဇာ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာအတွင်း ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၂ လုံးထိမှန်ခဲ့ပြီး ၁ လုံးပြာကျကာ ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပထမ အကြိမ် ပစ်ခတ်သော လက်နက်ကြီး ၁ လုံးသည် တောင်မော်ကျေးရွာရှိ ဦးဖိုးနိုင်နေအိမ်ကို ထိမှန်ခဲ့ပြီး နေအိမ်မီးလောင်ပျက်ဆီးကာ နေအိမ်အတွင်းရှိ မဂျူးဂျူးလိုင် ထိခိုက်ဒဏ်ရာရှိခဲ့​ကြောင်း၊ ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်သော လက်နက်ကြီးသည် ဦးဇော်မင်းနိုင်၏ နေအိမ်ရှေ့ကို ကျရောက်ပေါက်ကွဲကာ ဦးဇော်မင်းနိုင်မှာ ခြေတောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ဦးဇော်မင်းနိုင်၏အမျိုးသမီးဖြစ်သူ ဒေါ် မင်းမင်းစိန်သည် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရရှိဘဲ နှလုံးဖောက်ကာ သတိလစ်မေ့မျောပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article