24.9 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

စစ်အာဏာရှင် တော်လှန်ရေး အပြီးသတ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုး NUG က အင်အားကြီး တိုင်းရင်းသားတော် လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းနေပြီး ၂၀၂၄ ခုနှစ်မှာ ပြည်သူ တွေ အောင်ပွဲခံနိုင်ဖို့ အစွမ်း ကုန်ကြိုးပမ်းနေတယ်လို့ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ကောင်စီရဲ့ တင်းမဗျူဟာကုန်းကြီးကို ရက္ခိုင့် တပ်တော် AA က ဒီကနေ့မှာပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ AA သတင်းရင်း မြစ်က ပြောပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်က မန်ပတ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို KIA ဦး ဆောင် တဲ့ တော်လှန်ရေးတပ်ပေါင်းစုကနေ ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက် လိုက်ပြီး နောက် တော်လှန်ရေးတပ်တွေက မိုးမိတ်မြို့ကိုပါ ဆက် လက် သိမ်းပိုက်မယ်ဆိုတဲ့ သတင်း တွေ ထွက်လာတဲ့အတွက် မြို့မှာ ဆိုင်တွေ ပိတ်သွားပြီး လူသူကင်းရှင်းသွားပြီလို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

– ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ၊ ဌ ရပ်ကွက်က စကားဝါလမ်းမှာ နေတဲ့ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်နေပေးနေသူလည်းဖြစ် ၊ စစ်တပ်နဲ့ပေါင်းပြီးပြည်သူကို ဒုက္ခပေးနေသူ ၁ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်ရှင်းလင်းရာမှာ သေနတ်ကျည်မထွက်တဲ့အတွက် နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article