27 C
Yangon

ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး M16 သေနတ် ယူဆောင်လာပြီး အလင်းဝင်

Must read

ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး M16 သေနတ် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး M16 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စိုးနိုင်က KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းထံ အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ် တပ်ဖွဲ့ဝင် စိုးနိုင်သည် M 16 အမျိုးအစား A1 သေနတ် ၁ လက်၊ 5.56 ကျည် ၁၇၁ တောင့် နှင့် ကျည်ဘောက် ၂ ခုတို့ ယူဆောင်လာသော​ကြောင့် ငွေကျပ် ၁၀ သိန်း ဆုငွေချီးမြှင့်ကာ နယ်မြေအတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် ၎င်း​၏ နေထိုင်စာသောက်ရေးများကို စီစဥ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် သတင်းကြားသိပါက ဘေးကင်းရာအရပ်နှင့် လုံခြုံရာအရပ်တွင် နေထိုင်ပြီး အပြင်သွားလာခြင်းမပြုရန်နှင့် စစ်ကောင်စီ​၏ လူမဆန်သောလုပ်ရပ်များသည် သက်ညှာခြင်းမရှိဘဲ ရှင်းပြခွင့်ပင် လက်မခံနိုင်သော အခြေအနေမျိုး ဖြစ်သောကြောင့် ဂရုစိုက်နေထိုင်သွားလာကြရန် ပူရိယက္ခ ညီနောင်စစ်ကြောင်းက အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article