30 C
Yangon

မြိုင်မြို့နယ်၊ သရက်ဂွပျူရွာကို ရိက္ခာလာပို့သည့် စစ်ကြောင်းနှင့် ယာဥ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်တွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

မြိုင်မြို့နယ်၊ သရက်ဂွပျူရွာကို ရိက္ခာလာပို့သည့် စစ်ကြောင်းနှင့် ယာဥ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်တွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁

မကွေးတိုင်းမြို့နယ်၊ မြိုင်မြို့နယ်၊ သရက်ဂွပျူရွာကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိကြောင်း Young Force – UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ် စက်မှု ၂ မှ သရက်ဂွ(ပျူရွာ)ကို ရိက္ခာလာပို့သည့် အင်အား ၈၀ ပါ စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး Fix wing ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်သေးကြောင်း သိရသည်။

“မနေ့က တနက်ခင်းလုံးပဲ၊ မိုင်းဆွဲတယ်၊ ကားရပ်သွားတဲ့အ ချိန်မှာ Fix Wings ဒရုန်းနဲ့ချတာ၊ ထိခိုက် သေဆုံးမှုကတော့ ရှိတယ်၊ ဒဏ်ရာရတာတွေလည်းများတယ်၊ စစ်ကြောင်းဆိုတော့ မျက်မြင်မဟုတ်လို့ မသိရဘူး၊ ကုန်ကားတွေက ပြည်သူတွေဆီက‌ ချောဆွဲလာတာလား၊ သိမ်းထားတဲ့ကားတွေလား မသိရဘူး၊ အဲလို ကားတွေပဲ၊ အခုက သရက်ကွ(ပျူ)ရွာထဲကို‌ ဝင်သွားပြီလို့ သတင်းရတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ DMG မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (၂)မှ ThuRain-TR (Pakokku)နှင့် Young Force-UG တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦး လမ်းပိုင်းပေါ်တွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၁ – People Defence Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၇ နာရီ မိနစ် ၄၀ ခန့်က မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ ထွက်ခွာ လာသော Jummer ပါ သံပြားကာ ကားတစ်စီးနှင့် ၆ ဘီးကား ၂ စီးပါ ယာဉ်တန်းကို မုံရွာ -ချောင်းဦး လမ်းပိုင်းတနေရာ အရောက် မိုင်းအကြီး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီးစလုံး စုတ် ပြတ်သတ်သွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ကား ၃ စီးလုံးတော့ စုတ်ပြန်သတ်လို့ဗျ၊ တော်တော်အခြေနေ ဆိုးတယ်၊ ၃ စီးလုံးရပ်တန့်သွားတာ၊ ခဏနေတော့ စက်လက်နဲ့ရော လက်နက်ငယ်တွေနဲ့ပါ တရစပ်ပစ်တာ၊ နောက်ပွိုင့်တွေတောင် မခွဲ လိုက်ရဘူး၊ ခွေးသေထိခိုက်မှုတော့ အတိအကျ စုံစမ်းလို့ မရဘူးဗျ၊ တော်တော်ထိတယ်လို့ပဲ သိရ တယ်၊ ကား ၃ စီးစလုံးကို ထိတာပါ” ဟု မုံရွာခရိုင် တပ်ရင်း ၁၁ – People Defence Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa နှင့် Youth Vigor Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာသို့ စက်လက်များ၊ လက်နက်ငယ်များဖြင့် တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီကားများနှင့် မလှမ်းမကမ်းနောက်မှ လိုက်ပါလာ သော ပြည်သူပိုင်မှန်လုံယာဉ်တစ်စီးလည်း မိုင်းစထိမှန် ရပ်တန့်သွားခဲ့ကြောင်း၊ မိဘပြည်သူများ အ နေဖြင့် အကြမ်းဖက်စစ်ကားများ ဖြတ်သန်းသွားလာနေပါက အဝေးမှသာနေ၍ သွားလာပေးကြပါ ရန်၊ အိမ်စီးကားများအနေဖြင့် မှန်ချမောင်းနှင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article