33 C
Yangon

မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် မောင်ညဏ်ကို ဂန့်ဂေါ်ပင်ရွာနှင့် ဗိုလ်တထောင်ရွာ အကြား၌ တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ၅ ချက် ပစ်ခတ်တိုက်ခိုက်ရာ ထိုနေ့ ည ၉နာရီခန့်တွင် ဆေးရုံ၌ ဆေးကုသရင်း သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် မောင်ညဏ်သည် ပျူသင်တန်း တက် ရောက်ထားသည့် စစ်တပ် ထောက်တိုင် အမာခံဖြစ်ပြီး လူငယ်များကို ရဲနှင့် စစ်တပ်ထဲဝင်ရန် စည်းရုံး၍ ပျူစောထီးအဖွဲ့ ဖွဲ့စည်းပြီး အကြမ်းဖက် စစ်တပ်အတွက် အင်အားစုဆောင်းပေးခြင်း၊ စစ်တပ်ထံ တော်လှန်ရေးရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ စစ်တပ်က ထုတ်ပေးထားသည့် သေနတ်ပြ၍ လက်နက်အားကိုးဖြင့် ပြည်သူများကို ဖိနှိပ် ဒုက္ခပေးနေသော ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူကတော်တော်ဆိုးတယ်။ အာဏာသိမ်းမှ အုပ်ကြီးဖြစ်တာ အရင်က ပြည်သူတွေ သံဗုံးတီးပြီး ဆန္ဒပြတာကို မဆင်းဘဲ ခုထိအုပ်ကြီးလုပ်နေတာ ပြီးခဲ့တဲ့ ၃ လလောက်က တောင်ငူကတပ်မှာ ပျူသင်တန်းတက်ပြန်လာတာ အဲ့ပြန်လာကတည်းက သေနတ်တပြပြနဲ့ ပြည်သူတွေကို လုပ်မယ်ကိုင်မယ်တကဲကဲနဲ့ဖြစ်နေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article