33 C
Yangon

မြောင်မြို့နယ် မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

မြောင်မြို့နယ် မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်မြို့မရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်မှ ၁၁ နာရီ မိနစ် ၃၀ ခန့်အထိ အကြမ်းဖက်စစ် ကောင်စီတပ်သား၊ ရဲပူးပေါင်းပြီး အထိုင်ချတပ်စွဲထားသော မြောင်မြို့မရဲစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် Air BOMB 1kg ၈ လုံး ကျဲချတိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရဲစခန်းမှာ အင်အားတော့ သိပ်မရှိလောက်တော့ဘူး၊ ရဲစခန်းက ကျယ်တယ်၊စခန်းထဲကိုပဲ ဗုံးသီးတွေ ချခဲ့တာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်၊ ဒရုန်းတစ်စီးပျက်စီးဆုံးရှုံးခဲ့ တယ်၊ ဂျန်ပါမိသွားတာ၊ ပြန်ရခဲ့ပေမယ့် ပျက်စီးမှုက တော်တော်လေးပျက်စီးသွားတယ်၊” ဟု စစ် ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF/ MSDF နှင့်အတူ ညီနောင်မဟာ မိတ်များဖြစ်ကြသော မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ CHAUK PDF မြောင်မြို့မတပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး DJI Mavic 3 Pro Scout Drone တစ်စီး ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြားကြီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းမှ ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ကုန်းလည်ရွာ နှင့် နတ်ကြီးရွာ အကြားတွင် ဇာမဏီပြောက်ကျားတပ်ဖွဲ့က မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ငါန်းဇွန်မြို့နယ် အတွင်း လက်ရှိချိန်တွင် စစ်ရေးအရှိန် မြင့်တင်လာပြီ ဖြစ်သောကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် အနီးကပ် မနေထိုင်ကြရန် ပြည်သူများကို မေတ္တာရပ်ခံအပ်ကြောင်း၊ မိုင်းပစ္စည်းများ ထုတ်လုပ်ရန်အတွက် ထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article