Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– NUG က ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုတွေကို တရုတ်နိုင်ငံနဲ့ရော ဒေသတွင်းနိုင်ငံတွေနဲ့ပါ ပူးပေါင်း တိုက်ဖျက် သွားမယ်လို့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားတွေကို ထုတ်ပြန်လိုက်ပါတယ်။
– အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ အမှုကြီး၊ အမှုငယ် အားလုံးအတွက် မည်သူတစ်ဦး တစ်ယောက်ကိုမှ ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောလိုက်ပါတယ်။
– နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီက စစ်ရှုံးနေတဲ့ အခုအချိန်ဟာ “ရောင်နီထွက်ခါနီးတဲ့အတွက် မှောင်မိုက်”နေတဲ့အချိန်ဖြစ်တယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဗန်လ က မှတ်ချက်ပြုပြောဆို လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။