ယင်းမာပင်မြို့နယ်ရှိ စစ်တပ် အထိုင်ကျ တပ်စွဲထားသော အမှတ် ၂၈ ရဲတပ်ရင်း၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဝမ်ပေါင်ကုမ္ပဏီမှ စစ်သားများကိုလည်း မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမဘေးရှိ အမှတ် ၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ဦး ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brother Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဒီဇင်ဘာလ ၃၁ ရက် ညနေ ၅ နာရီခွဲခန့်က မုံရွာ – ပုသိမ်လမ်းဘေးရှိ အမှတ် ၂၈ ရဲတပ်ရင်းနှင့် ရွှေ တောင်ဦးကုန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၆၀ မမ လက်နက်ကြီးများဖြင့် အချက် ရေ ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၆၀ မမ၊ ၈၀ မမ အပါအဝင် စက်လက်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ လက်နက်ကြီး ကျည်တွေက ရဲတပ်ရင်းထဲလည်း ကျရောက်တယ်၊အဲဒီအချိန်မှာ ရွှေ တောင်ဦးကုန်းက ၆၀ မမ ၊ ၈၀ မမတွေနဲ့ ပြန်လှမ်းပစ်တယ်ပေါ့နော်၊ အဲဒီရွှေတောင်ဦးကုန်းကို လည်း ကျနော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့၊ ရဲတပ်ရင်းထဲကလည်း ၆၀ မမတွေ၊ စက်လက်တွေ၊ ဂန်းငယ်တွေနဲ့ ကောင်တာပြန် တာရှိတယ်၊ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး၊ သူတို့ဘက်ထိခိုက်မှုကတော့ လိုက်လံစုံစမ်းနေဆဲပေါ့” ဟု Brother Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ – Brother Defence Forceနှင့် မဲမှောင် ပျောက်ကြားတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ ယန်ဇီကုမ္မဏီမှ ကင်းပုန်း ဝပ်ရန် ထွက်လာအကြမ်းဖက်စစ်သား၊ ရဲများကို မုံရွာ – ပုသိမ်လမ်း၊ ၁၆ ကုတင်ဆန့်တိုက်နယ်ဆေးရုံ ရှေ့ အရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မုံရွာ- ပုသိမ်လမ်းဘေး ၁၆ ကုတင်တိုက်နယ်ဆေးရုံအနီးမှာ ဝမ်ပေါင် ၊ ယန်စီကုမ္ပဏီက လုံခြံရေး ကင်းပုန်းထွက်တဲ့ စခ၊ ရခတွေကို မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့တယ်၊ အဲဒီတိုက်ခိုက်မှုမှာတော့ သူတို့ ဘက်က နှစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာရသွားတာ၊ အဲဒီနေရာမှာတင် ကားနဲ့ တစ်ခါတည်း တန်းပြီးတော့ ခေါ်သွားပါတယ်” ဟု Brother Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defence Forceနှင့် Regional Fighter Force တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF တပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ် အထိ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊၈၀ မမ၊၉၀ မမလက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ သံမဏိ မပွေး ၊ zero ၊ ဗိုလ်သူရိန်နှင့် တာဇံ မဟာမိတ်ပူပေါင်းအဖွဲ့များက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။