25 C
Yangon

သိန္နီ၊ ပန်းလော်ဒေသနှင့် နောင်ချို၊ ဆမ္မဆယ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ

Must read

သိန္နီ၊ ပန်းလော်ဒေသနှင့် နောင်ချို၊ ဆမ္မဆယ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့ပြင်ရှိ ပန်းလော်ဒေသကို အကြမ်းဖက် စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလ​ေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် သိန္နီခရိုင်၌ အခြေချနေထိုင်သော အကြမ်းဖက် စစ်ကောင်စီ တပ်က သိန္နီမြို့ပြင်၊ ပန်းလော်ဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ အိမ်လုံး ပေါ်ကျရောက်ပေါက်ကွဲကာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့တွင် လက်နက်ကြီးကျည် ထိမှန်ခဲ့သော ပြည်သူများမှာ ထမင်းစားနေစဥ် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်က နေအိမ်မီးဖိုခန်းထဲသို့ ကျရောက်ပေါက်ကွဲခြင်း​ဖြစ်ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသော ပြည်သူ ၃ ဦးကို MNDAA ၏ နောက်တန်းဆေးခန်းသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် ဆက်လက် ကုသပေးလျက်ရှိကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရှမ်း ပြည်နယ် အထူးဒေသ ၁ ကိုးကန့်နယ်မြေ အတွင်း ပြည်သူ ၆၉ ဦး ထိမှန်သေဆုံးခဲ့ရပြီး ၇၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာရှိ သကြားစက်ရုံကို အကြမ်း ဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ အမှတ် ၁ ဆင်းရွှေလီ သကြားစက်ရုံကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် စက်ရုံ ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article