30 C
Yangon

တောင်ငူမြို့ ခရိုင်ကညနရုံးတွင် မြို့တစ်ခုလုံး တုန်ခါသည်အထိ ပြင်းထန်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Must read

တောင်ငူမြို့ ခရိုင်ကညနရုံးတွင် မြို့တစ်ခုလုံး တုန်ခါသည်အထိ ပြင်းထန်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြို့ပေါ်ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန( က.ည.န)ရုံးတွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၁ နာရီအချိန် တောင်ငူမြို့ပေါ်ရှိ ခရိုင်က.ည.နရုံးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲသံမှာ အလွန်ကျယ်လောင်ကြောင်း၊ တောင်ငူမြို့တစ်ခုလုံး တုန်ခါသွားပြီး မြို့ပေါ်မှ ပြည်သူများအားလုံး သိရှိကြကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဗုံးပေါက်တာကတော့ တောင်ငူခရိုင်ကညနရုံးမှာ ပေါက်တာ။ ဗုံးပေါက်ကွဲမှု ဖြစ်တဲ့ အသံက တအားကျယ်ပြီးတော့ တစ်မြို့လုံးကို တုန်ခါသွားတာ။ ပျက်စီးဆုံးရှုံးမှု မသိရသေးပါဘူး။ တချို့ကလည်း ရှော့တိုက်ဒုံးနဲ့ပစ်တယ်လို့ ပြောတယ်။ တောင်ငူခရိုင်ကညနရုံးနားမှာကတော့ စစ်တပ်က ရံဖန်ရံခါ ကင်းလှည့်တာမျိုးတွေရှိတယ်” ဟု တောင်ငူမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

တောင်ငူမြို့တွင် စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကျပ်ထားကြောင်း၊ တောင်ငူ မြို့ရှိ တပ်များမှာ KNLA ဦးဆောင်သော တော်လှန်ရေး တပ်များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ခံစစ်အနေအထားဖြင့် အသင့်ပြင်ထားကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်ငူမြို့ စစ်တောင်းတံတားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများလုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article