30 C
Yangon

ရေဦးမြို့မှ အင်အား ၈၀ ဝန်းကျင်ရှိသော စစ်တပ်က စစ်ကြောင်းထိုးလာ၍ ခင်ဦးမြို့နယ်တွင် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ

Must read

ရေဦးမြို့မှ အင်အား ၈၀ ဝန်းကျင်ရှိသော စစ်တပ်က စစ်ကြောင်းထိုးလာ၍ ခင်ဦးမြို့နယ်တွင် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် တပ်စွဲထားသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ်ထဲသို့ ဝင်ရောက်လာသဖြင့် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက်အစောပိုင်း ရေဦးမြို့မှ စစ်တပ် အင်အား ၈၀ ခန့်က ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း၊ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းရှိ အင်တိုင်းလေး၊ ကားဆိပ်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ်၊ ရွာသစ်ကုန်း စသည့် ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

“အရင်တုန်းက ခင်ဦးမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ ပျူစောထီးရွာ ၄ရွာနှင့် တပ်စွဲထားတဲ့ ကင်းစခန်း ၂ ခု ရှိပါတယ်။ နိုဝင်ဘာလကတည်းက တပ်စွဲထားတဲ့ ပျူစောထီးရွာ တစ်ရွာနဲ့ ကင်းစခန်း နှစ်ခု ကိုစွန့်ခွာသွားခဲ့ကြတယ်။ အခုအခါ ကျန်ရှိနေတဲ့ ပျူစောထီးကျေးရွာ ၃ရွာအနက်မှ ပျဉ်ထောင်ပျူစောထီးကျေးရွာကို ဒီစစ်ကြောင်းက ထောက်ပို့သွားတာဖြစ်နိုင်ပါတယ်။ ပြည်သူတွေက အကုန်ပြေးနေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article