33 C
Yangon

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော ခမရ−၅၈၁ တပ်စခန်း ၂ ခုကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်း

Must read

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော ခမရ−၅၈၁ တပ်စခန်း ၂ ခုကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၃

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော ခမရ−၅၈၁ တပ်စခန်း ၂ ခုကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်း ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထန်းတပင် မြို့နယ်၊ ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားသော စကခ ၂၀ အောက်ရှိ ခမရ−၅၈၁ တပ်စခန်းနှင့် ကလောမီဒဲ ကျေးရွာပိုင်မြေအတွင်း တပ်စွဲထားသော စကခ ၂၀ အောက်ရှိ ခမရ−၅၈၁ တပ်စခန်းတို့ရှိ အကြမ်းဖက် စစ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားသော​ကြောင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၆ မှ ထိုစခန်းများကို မီးရှို့ ရှင်းလင်းခဲ့​ကြောင်း သိရှိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ယင်း စခန်းများကို ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ထားသည်မှာ ဖလေးဆာလိုတပ်စခန်းမှာ ၆ လခန့် နှင့် ကလောမီဒဲတပ်စခန်းမှာ ၃ လခန့် ကြာမြင့်ပြီဖြစ်သည့် အတွက်ကြောင့် ထိုတပ်စခန်းအတွင်းရှိ စစ်သားများမှာ ဒုက္ခများစွာ ခံစားရပြီး နောက်ဆုံးတွင် စခန်းအား စွန့်ခွာထွက်ပြေးသွားရခြင်းဖြစ်ပြီး ထိုစခန်းများကို တက်ရောက် ရှင်းလင်းစဉ်အတွင်း ဖလေးဆာလိုတပ်စခန်းအတွင်းမှ ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စခန်းများသည် ၁၉၇၅ ခုနှစ်တွင် ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ် ဆုတ်ခွာသွားခဲ့ကြောင်း၊ ဒုတိယအကြိမ်အနေဖြင့် ၂၀၀၆ ခုနှစ်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၆၆ က ဦးဆောင်ပြီး တောင်ငူခရိုင် အတွင်းနေထိုင်သော ကရင်လူမျိုးများကို “မြေလှန်စနစ်” ဖြင့် လူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေး အတွင်း ဝင်ရောက်ကျူးကျော်လာခဲ့သောတပ်စခန်းများဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article