33 C
Yangon

မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူး ၁ ဦး စနိုက်ပါ ထိမှန်ဒဏ်ရာရ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၃ လုံးပျက်စီး

Must read

မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူး ၁ ဦး စနိုက်ပါ ထိမှန်ဒဏ်ရာရ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၃ လုံးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူး တစ်ဦး စနိုက်ပါ ထိမှန်ခဲ့ကာ စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိပြီး လူနေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက် နေ့က မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်း ကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တို့ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူတစ်ဦး စနိုက်ပါ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လူနေအိမ် ၂ လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်နယ် ၄ ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ တိုက်နယ် ၄ ဘက်သို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ လူနေအိမ် ၃ လုံးပျက် စီးခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့်တိုက်ပွဲများစွာဆင်နွှဲနိုင်ရေးအတွက် Project Mindat 2024 ကမ်ပိန်းပြုလုပ် လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေး ကြပါရန် မေတ္တာ ရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article