32 C
Yangon

မြင်းခြံမြို့ရှိ စစ်တပ် တပ်စွဲထားသော EPC ရုံး၊ ကုက္ကဲရဲစခန်း အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ

Must read

မြင်းခြံမြို့ရှိ စစ်တပ် တပ်စွဲထားသော EPC ရုံး၊ ကုက္ကဲရဲစခန်း အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ရှိ EPC ရုံး၊ ကုက္ကဲ ရဲစခန်းအပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan District Drone Strike Team မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က နှစ်သစ်ကို ကြိုဆိုခြင်း အထိမ်းအမှတ် အဖြစ် မြင်းခြံမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ EPC ရုံး ၊ လေးအိမ်တန်းကျေးရွာရှိ စစ်ကောင် စီ တပ်များနေထိုင်ရာ နေအိမ် ၊ ပိုက်တဲကုန်းကျေးရွာရှိ ပျူစစ်ဆေးရေးဂိတ်နှင့် ကုက္ကဲရဲစခန်းတို့ကို ဒရုန်းဖြင့် ၆ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ကုက္ကဲရဲစခန်းက ရဲမေ ၂ ဦးထိခိုက်ဒဏ်ရာရတယ်၊ စစ်ခွေး တစ်ကောင်လည်း ထိတယ်၊ EPC ရုံးက အသိပေးရုံပဲ လုပ်လိုက်တာ၊ မီတာကြေး ပိုကောက်တွေလုပ်လို့၊ အတိအကျမကောင်ပဲ အမှန်းတွေနဲ့ ငွေတွေပိုကောက်နေကြလို့၊ ပိုက်တဲကုန်းပျူဂိတ်ကတော့ အတိအကျ ဗုံးသီးချနိုင်ခဲ့တယ်ဗျ၊ စစ်ဆေး နေတုန်း ထောက်ခံစာလုပ်နေတဲ့ နေရာကို ကျရောက်ပေါက်ကွဲတာ၊ ဗုံးကွဲပြီး ထိခိုက်တာတွေများ တယ်လို့ သိရတယ်၊ အဲလိုတိုက်ခိုက်ခံရပြီးတော့ သူတို့ ပျူမိသားစုတွေ ပြေးဖို့ အထုပ်အပိုးတွေ ပြင် ဆင်ကြတယ်လို့လဲ သတင်းရတယ်” ဟု Myingyan District Drone Strike Team မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike (MDDS) အမှတ်-အမှတ်၁၈၄၈ ဒရုန်းတပ်၊ Shar Htoo Waw နည်းပညာ Team-2 ၊ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ၊ မိုရှေ့ဒါယန်းပြောက်ကျား တပ်၊ အမေ့လက်ရုန်းတပ်ဖွဲ့၊ မြင်းခြံမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းနီပြောက်ကျားတပ် နှင့် MHLG WING မဟာမိတ် ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article