33 C
Yangon

KNU၊ KNLA ၏ အမည်၊ အမှတ်တံဆိပ်နှင့် စည်းတံဆိပ် အသုံးချ၍ မတရားငွေကြေးတောင်းခံမှု ဖြစ်ပွားခဲ့မှုအပေါ် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်

Must read

KNU၊ KNLA ၏ အမည်၊ အမှတ်တံဆိပ်နှင့် စည်းတံဆိပ် အသုံးချ၍ မတရားငွေကြေးတောင်းခံမှု ဖြစ်ပွားခဲ့မှုအပေါ် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၃

ကရင်အမျိုးသားအစည်းအရုံး KNU ၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အမည်၊ အမှတ်တံဆိပ်၊ စည်းတံဆိပ် အသုံးချ၍ မတရားငွေကြေးတောင်းခံမှုဖြစ်ပွားခဲ့မှုအပေါ် အမှုဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် မသမာသူ လူတစ်စုက KNU နှင့် KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အမည် ၊ အမှတ်တံဆိပ်နှင့် စည်းတံဆိပ်ကို တုပပြုလုပ်၍ မြဝတီမြို့နေ လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကြေးအတင်းအဓမ္မခြိမ်းခြောက်တောင်းခံရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအမှုကျူးလွန်သူများသည် KNU အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားကာ နိုင်ငံရေးဂုဏ်သိက္ခာညှိုးနွမ်းစေရန်ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဟု ယူဆကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများအနေနှင့် အလားတူ ဖြစ်ရပ်များ ရင်ဆိုင်ကြုံတွေ့လာပါက နီးစပ်ရာ KNU တာဝန်ရှိသူများထံဆက်သွယ်အကြောင်းကြားရန်လည်း KNU ဗဟိုက အသိပေးချ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article