30 C
Yangon

ရွှေဘိုနှင့် မြိုင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်

Must read

ရွှေဘိုနှင့် မြိုင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာရှိ အကြမ်းဖက် စခန်းနှင့် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ မြိုင်မြို့နယ်၊ သရက်ခွရှိ ပျူစောထီး စခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team 3 PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team 4 SSTF ၊ TTA(ရွှေဘို) ၊ S R.F ၊ အညာမြေပြောက်ကြားတပ်ဖွဲ့ ၊ မြိုင်ပကဖ ရင်း(၂) တပ်ခွဲ(၄) ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT နှင့် ဒေသ ပကဖ အဖွဲ့များနှင့်တပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ငါးမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁၁ နာရီခွဲခန့်က အင်အား ၂၀ ခန့်ဖြင့် လက်ပံသာရွာဘက်သို့ စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို လက်ပံသာ ကွက်သစ်အရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိတယ်၊ အတိအကျ သိရဖို့က စုံစမ်းဆဲပါ၊ ခွေးတွေက နတ်ကြီး၊ သာကျင်း နဲ့ ငါန်းမြာကြိးလို အထိုင် နေရာတွေကနေ လာတာပါ၊ အချို့ကိုတော့ ငါန်းဇွန်မြို့ပေါ်က တိုက်ရိုက်လွှ တ် တာတွေရှိတယ်၊ အခုအနေအထားက နတ်ကြီး၊ သာကျင်းလို နေရာကလာလိုက် ပြန်ခေါက်သွား လိုက်နဲ့ စစ်ရေးအရ သွေးတိုးစမ်းတာတွေ လုပ်နေတာထင်ပါတယ်” ဟု ငါးမြို့နယ်ပကဖမှတာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ )၊ T.G.R people defence force မြောင်မြို့နယ် T.G.R ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဦ Black Eagle Defence Force – MMU ၊ ငါန်းဇွန်-ပကဖ ၊ ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပြောက် ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ လက်ရုံးပျောက်ကျား အဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက် ကျား အဖွဲ့နှင့် တပ်ရင်း ၆ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် “အောင်ပန်းဝေဝေ ငါန်းဇွန်မြေ” ကမ်ပိန်း လုပ် ဆောင်နေပြီး ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနဖြင့် ဝိုင်းဝန်ကူညီပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article