30 C
Yangon

၀ိုင်းမော်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်မှ ဖမ်း ဆီးရရှိထားသည့် ရဟတ်ယာဉ်မှူးမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် အမျိုးတော်စပ်

Must read

၀ိုင်းမော်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်မှ ဖမ်း ဆီးရရှိထားသည့် ရဟတ်ယာဉ်မှူးမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် အမျိုးတော်စပ်

ရန်ကုန်၊ ဇန်နဝါရီ ၄

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်မှ အရှင်ဖမ်းဆီးရရှိထားသည့် ရဟတ် ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်မှာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် အမျိုးတော်စပ်ကြောင်း မိတ်ဆွေအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ရာ စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဖြစ်သူ DSA အပတ်စဥ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ကို ဒဏ်ရာနှင့်အတူ အရှင် ဖမ်းဆီးရမိထားကြောင်း၊ အဆိုပါ ရဟတ်ယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်သည် စစ်ကောင်စီ၏ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဆွေမျိုး တော်စပ်ကြောင်း သိရှိရသည်။

” မြစ်ကြီးနားလေတပ် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်က ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်၊ ဦးချစ်နိုင် – ဒေါ်ခင်မာသိန်း တို့ရဲ့ သားအကြီးဖြစ်ပါတယ်။ သူက ဇော်မဲလုံးရဲ့ ညီမ သင်းသင်းထွန်းရဲ့ ခင်ပွန်း မျိုးမြင့်အောင်ရဲ့ တူအရင်း ဖြစ်ပါတယ်။ ဇော်မဲလုံးရဲ့ ညီမနဲ့ တူတော်စပ်တာပေါ့။ ဇော်မဲလုံး အမျိုးလို့ ပြောလို့ရတယ်။ ဗိုလ်မှူးဇော်မျိုးသန့်ရဲ့ ညီကလည်း စစ်တပ်ထဲမှာပဲ ဗိုလ်အဆင့်နဲ့ တာဝန်ထမ်းဆောင်နေတယ်။ ဇော်မဲလုံး ညီမက ကျောင်းဆရာမပါ။ ပုဇင်းကင်ခံရပြီး ပျက်ကျတော့မှ သူတို့သားလေး၊ သူတို့တူလေး ပါသွားတယ်ဆိုပြီး ကိုယ်ပေါင်ပေါ် မီးခဲကျမှ ပူဆွေး ငိုကြွေးနေကြတယ်” ဟု နီးစပ်သော မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ရာတွင် သေဆုံးသူများတွင် တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်းစံသိန်းပါ ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article