29 C
Yangon

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ပြည်သူတချို့ စစ်ဘေးရှောင်ရကာ ပိတ်မိနေသူများလည်း ရှိ

Must read

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ပြည်သူတချို့ စစ်ဘေးရှောင်ရကာ ပိတ်မိနေသူများလည်း ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီး ပစ်ခတ်မှုများနှင့်တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကညွတ်ကွင်းမြို့နှင့် ၂ မိုင်အကွာနေရာတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ကညွတ်ကွင်းမြို့ အပိုင်အတွင်း ပါဝင်သော ကျေးရွာတချို့မှ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။

“ရွာဘက်တွေမှာ ပစ်နေကြတာ။ တပ်စွဲထားတဲ့ စစ်တပ်ကို ၀ိုင်းတိုက်တာလို့ပြောတယ်။ ကညွတ်ကွင်း ပတ်ပတ်လည်ကပစ်နေတာ။ မြို့နဲ့တော့ ၂ မိုင်လောက်နေရာမှာ တိုက်ပွဲဖြစ်နေကြတာ။ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိတယ်။ တိုက်ပွဲက ပြင်းထန်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပဲ ပစ်နေကြတာ။ မြို့အပြင်မှာရှိတဲ့ တပ်တွေကို တော်လှန်ရေးတပ်တွေက တိုက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကညွတ်ကွင်းမြို့ ပါဝင်သော ပဲခူးတိုင်း၊ ဖြူးမြို့နယ်သည် ရန်ကုန်နှင့် မိုင် ၁၀၀ ကျော်သာ ကွာဝေးပြီး ရန်ကုန်-မန္တလေး၊အမြန်လမ်းနှင့် လမ်းဟောင်းတွင် ဖြူးမြို့နယ်က အဓိကကျသော အချက်အချာမြို့နယ် ဒေသဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article