Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ KIA က ပစ်ချလိုက်တဲ့ စစ်ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာသူ စစ်ကောင်စီတပ်သား ၆ ဦးသေသွားပြီး ရဟတ်ယာဉ်မောင်းဖြစ်သူ ဗိုလ်မှူးဇော်မျိုးသန့်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။
– ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။
– လောက်ကိုင်မြို့က အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
