30 C
Yangon

ကညွတ်ကွင်းမြို့အနီးရှိ စစ်တပ်၏ ကာကင်းစခန်း များ နှင့် စစ်တပ်အတွက် အရေးကြီးသော တံတား ၁ ခုကို KNLA က ဦးဆောင် ချေမှုန်း

Must read

ကညွတ်ကွင်းမြို့အနီးရှိ စစ်တပ်၏ ကာကင်းစခန်း များ နှင့် စစ်တပ်အတွက် အရေးကြီးသော တံတား ၁ ခုကို KNLA က ဦးဆောင် ချေမှုန်း

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့အနီးရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း များ နှင့် စစ်တပ် အတွက် အရေးကြီးသော တံတား ၁ ခုကို KNLA က ဦးဆောင် ချေမှုန်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲအထိ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ရထားလမ်းနှင့် အကြမ်းဖက် စစ်တပ်၏ စခန်းအနီးအနားတွင် လုံခြုံရေးယူထားသော ကာကင်းစခန်း ၈ ခုနှင့် စစ်တပ်အတွက် ရိက္ခာသယ်ယူ ပို့ဆောင်ရေး အရေးကြီးသည့် တံတား ၁ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ၁ နာရီကြာ အတွင်း တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

ကညွတ်ကွင်းမြို့အနီး၊ တောင်ဂုန်းတဲရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း ၈ ခု ဖြစ်သည့် သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊ လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတားကို တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာအကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုစာရင်းများကို စစ်ဆေးအတည်ပြုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article